HELP
စာအုပ်ရှာဖွေပုံနှင့် download ပြုလုပ်ပုံ
မိမိရှာဖွေဖတ်ရှုလိုသော စာအုပ်အမည် သို့မဟုတ် စာရေးသူအမည်များကို Search Your Book တွင် ရေး၍ Enter ကိုနှိပ်ခါ
လွယ်ကူစွာရှာဖွေနိုင်ပြီး၊ list အလိုက်ရှာဖွေလိုပါက Category မှလည်းကောင်း၊ ရက်၊လများ အလိုက်ရှာဖွေလိုပါက Archieve မှလည်းကောင်း ရှာဖွေနိုင်ပါသည်။ Download ပြုလုပ်လိုသော စာအုပ်ကိုတွေ့ရှိပါက ၄င်းစာအုပ်ပေါ်တွင် Click နှိပ်လိုက်လျှင် download page သို့ရောက်သွားမည်ဖြစ်ပြီး၊ စာအုပ်မျက်နှာဖုံးပုံ၏အောက်ရှိ Click here to download this book ပေါ်တွင် click
နှိပ်ပြီး၊ တိုက်ရိုက် download ပြုလုပ်နိုင်ပါသည်။ Download လုပ်ရာတွင် ပိုမိုအဆင်ပြေစေလိုပါက internet download manager ကို အသုံးပြုခါ အဆင်ပြေစွာ download ပြုလုပ်နိုင်ပါသည်။
Install ပြုလုပ်ပုံနှင့် အသုံးပြုပုံ
Download ပြုလုပ်ထားသော စာအုပ်တစ်အုပ်ကို desktop/ laptop များတွင် သီးခြား install ပြုလုပ်ပေးစရာမလိုပဲ Adobe Reader သို့မဟုတ် အခြား PDF reader တစ်မျိုးမျိုးရှိရုံဖြင့် double click နှိပ်ခါ ဖတ်ရှုနိုင်ပါသည်။ Mobile device များတွင်မူ USB ကြိုးမှတစ်ဆင့် သီးခြားစီသတ်မှတ်ပေးထားသော ကြားခံ Installer များ၊ reader များကိုအသုံးပြု၍ သော်လည်းကောင်း အချို့ mobile device များတွင် My Computer >>> Your Device Name >>> Your Device Memory သို့တိုက်ရိုက်ထည့်သွင်း၍သော်လည်းကောင်း၊ install ပြုလုပ်နိုင်ပါသည်။ Apple mobile device များဖြစ်သော iPod, iPhone, iPad များတွင် ထည့်သွင်းအသုံးပြုလိုပါက iTunes ကို အသုံးပြုခါ ထည့်သွင်းရမည်ဖြစ်ပြီး၊ မိမိ၏ device တွင်အဆင်ပြေစွာဖတ်ရှုနိုင်ရန် iBook ကဲ့သို့သော ebook reader တစ်ခုခုထည့်သွင်းထားရန် လိုအပ်ပါမည်။