ABOUT US

                                Mobile Computer ခေတ်သို့ ကူးပြောင်းလာသည်နှင့် အညီ၊ မိမိဖတ်လိုသော စာအုပ်ကို စာအုပ်ထူကြီး တစ်အုပ်လုံး အလေးခံ သယ်ဆောင်စရာမလိုပဲ၊ electronic book format (e-book) ဖြင့် mobile device များတွင် ထည့်သွင်း၍ အချိန်မရွေး၊ နေရာမရွေး၊ အဆင်ပြေလွယ်ကူစွာ ဖတ်ရှုနိုင်စေရန်နှင့်၊ မိမိကြိုက်နှစ်သက်သည့် စာအုပ်များကို PDF format ဖြင့် သီးသန့် သိမ်းဆည်းထားလိုသော စာပေဝါသနာရှင်များအတွက် ရည်ရွယ်ပြီး၊ ဤ STABOOKS ဆိုက်ကို ဖန်တီးထားခြင်းဖြစ်ပါသည်။
                                 တတ်နိုင်သမျှ မည်သည့်ကြားခံ file hosting ဆိုက်သို့မျှ တစ်ဆင့်ဝင်စရာမလိုပဲ တိုက်ရိုက် (direct link) နှင့် အဆင်ပြေဆုံး download ပြုလုပ်နိုင်စေရန် စီစဉ်ပေးထားပြီး၊ download ပြုလုပ်ရန်နှင့် အသုံးပြုရာတွင် အခက်အခဲများရှိပါက HELP page တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။ ယခု STABOOKS တွင် ဖေါ်ပြထားသော e-book စာအုပ်များကို စာပေဝါသနာရှင်များ တစ်နေရာတည်းတွင် စုံလင်စွာ ရှာဖွေဖတ်ရှုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း၊ ပြည်ပဆိုက်အသီးသီးမှ ရှာဖွေ၍ ပြန်လည်စုစည်းဖေါ်ပြပေးထားခြင်းဖြစ်ရာ၊ ဆိုက်ပိုင်ရှင်နှင့်တကွ စာအုပ်ပိုင်ရှင်များ အားလုံးအား ဤနေရာမှ ကျေးဇူးအထူးတင် ရှိပါကြောင်းနှင့် ခွင့်ပြုချက်မရယူပဲ ပြန်လည်ဖြန့်ဝေခြင်းများအတွက် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာကြောင့် ဤဆိုက်တွင် ဖေါ်ပြထားသော စာအုပ်(များ)နှင့် ပါတ်သက်ပြီး၊ ပြန်လည်ဖြုတ်ချပေးစေလိုပါကလည်း CONTACT US page မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။ အခြား မိမိလိုအပ်သော စာအုပ်များ ရှိပါကလည်း ORDER YOUR BOOK page မှတဆင့် တောင်းဆိုနိုင်ပြီး၊ အတတ်နိုင်ဆုံး ရှာဖွေဖေါ်ပြပေးသွားမည့်အပြင်၊ ဝေဖန်၊အကြံပြုချက်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုလက်ခံ သွားပါမည်။

    စာအုပ်အမျိုးအစားများ

    စာရေးဆရာများ

    Popular Books